4 posts
ဝေဖန်ရင် သေဒဏ်လို့ ပြောခဲ့ဖူးပါတယ်ခင်္ဗျာ
အတိုင်ပင်ခံကြီးကို Show more
တစ်ကွင်းလုံးပတ်ကစားနေတော့မှာလား
မေးကတည်းက
မဘသကို ဆွမ်းကပ်ကတည်းက မဖြုတ်တာ အတော်ကြီးသဘောထားကြီးလာလို့ဗျ။
ဟိုဒကာကြီးလည်း
ပြည်သူစိတ်ပျက် ybsပြောကတည်းက
သွားပြီထင်တာဗျ။
အတော်သဘောထားကြီးသား။
၂၀၁၃တုန်းက ပြောဖူးတယ်နော်
ပါတီတွင်းဒီမိုကရေစီမရှိပါဘူးလို့။
၂၀၁၆တုန်းက ပြောခဲ့တယ်နော်
အမျိုးသမီးအာဏာရှင် အစိုးရလို့။
အင်းလေ
လက်ညှိုးထောင် ခေါင်းညိတ်
လေလယ်တာတောင်မွှေးတယ်ဆိုပြီး
အရသာခံတတ်တဲ့လူစားတွေတော့
ကျန်ခဲ့ဦးမှာပါနော်။
https://vk.com/wall504129234_844
Breaking News-ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့ ၂ ဦးကို NLD ဒဂုံ မြို့နယ်ပါတီအလုပ်အမှုဆောင် ရာထူးတာဝန်များမှ အနားပေး
=======================================================
ဒဂုံမြို့နယ် ပြည်သူ့ လွှတ်အမတ်ဒေါ်သက်သက်ခိုင်နှင့် ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျတို့ ၂ ဦးကို NLD ပါတီဒဂုံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ တာဝန်များကို အနားပေးလိုက်ကြောင်း NLD ပါတီက တရားဝင်စာထုတ်ပြန်ကြေညာကြောင်း သိရှိရသည်။
"ဟုတ်တယ်။ တရားဝင်စာထွက်လာပါပြီ။ ကျနော်နဲ့ ဒေါ်သက်သက်ခိုင်ပါ။ ကျနော်တို့က ဒဂုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ရှိနေတာကို အနားပေးလိုက်တာပါ။ ပါတီကတော့ မထုတ်သေးဘူး။ မြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ မပါတော့ဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောသည်။
ဒေါ်သက်သက်ခိုင်ကလည်း ဒဂုံမြို့နယ် ပါတီ အလုပ်အမှုဆောင်အဖွဲ့တာဝန်မှ အနားပေးခံရခြင်းမှာ မှန်ကန်ကြောင်း ပြောဆိုသည်။
ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရ၏ မူမမှန်သော လုပ်ရပ်များကို အမြဲလိုလို ဝေဖန်ထောက်ပြသူဖြစ်သည်။
ဒေါ်သက်သက်ခိုင်မှာမူ မကြာသေးမီက ရန်ကုန်ခေတ်သစ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် NLD ပါတီ၏ စီးပွားရေးမူဝါဒ ချို့ယွင်းနေပုံကို ထောက်ပြခဲ့ပြီး ယင်းအင်တာဗျူးမှာ လူမှုကွန်ရက်များနှင့် ပြည်သူလူထုအကြားတွင် အောင်မြင်ကျော်ကြားသော အင်တာဗျူးအဖြစ် ထင်ရှားသိသာသွားခဲ့ပြီးနောက် ယင်းသို့ ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ အနားပေးခံရခြင်းဖြစ်သည်။
နောက်ဆက်တွဲ စုံစမ်းချက်များအရ ဒေါ်သက်သက်ခိုင်နှင့်ဦးကျော်ဇေယျတို့ ၂ ဦးကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီ တာဝန်များမှလည်း အနားပေးဖွယ်ရှိနေကြောင်း သိရှိရသည်။
https://vk.com/wall504042966_24
0 people reacted
32 views
1 person reacted
9 views
Post deleted
1 person reacted
6 views
ရုရှားနိုင်ငံရဲ့ ဗုဒ္ဓသာသနာ တစေ့တစောင်း
☀☀☀☀☀☀☀☀☀☀☀☀
1991 ခုနှစ်တုန်းက ရုရှားလက်အောက်ခံShow more
စီတာမြို့အတွင်း အုပ်ချူ ပ်မှုမှာ ရှိတဲ့ ဘူလာရက် ခါလမီကီရယ် နှင့် ဒူဝါ မြို့တွေ
မှာ ဗုဒ္ဓဘာသာဦးရေ (3) သိန်း ဗုဒ္ဓဘာသာ
အိမ်ခြေပေါင်း (432) စု ဘုန်းကြီးကျောင်း
(16) ကျောင်း နှင့် သံဃာ အပါး (70)ပါး
အထိ ဗုဒ္ဓသာသနာကြီး ဆိုဗီယက်နိုင်ငံ
မှာတိုးတက်ခဲ့သည်။
1991ခုနှစ်မှာ ဘုန်းတန်ခိုးသြဇာအကြီး
မားဆုံး ဘုန်းကြီးကျောင်းကတော့ ဘူလာ
ရက်မြို့မှာရှိတဲ့ '' အီဝေါစီ စကီနန်ဆတ် ''
ကျောင်းဖြစ်ပြီး နိုင်ငံခြားရှိ ဗုဒ္ဓဘာသာ
ဘုန်းကြီးကျောင်းများနဲ့ သံတမန္မ် ား
ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံ နှင့် သာသနာ
ရေး အဖွဲ့အစည်းပေါင်းစုံ အစည်းအဝေး
ပွဲကို လေးနှစ် တစ်ကြိမ် ကျင်းပခဲ့သည်။
ဤအစည်းအဝေးရဲ့ သံဃမဟန ဥက္ကဌမှာ
'' ဝမ်ထီဒို ခမ်ဗိုလာမ မိုဂိုကာစီမာနော့ သက်တော် (82) နှစ် ဆရာတော်က ဦး
ဆောင်ကျင်းပခဲ့သည်။
ရုရှားနိုင်ငံရဲ့ သာသနာ စတင်လာပုံ
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
1917 ခုနှစ်က မွန်ဂိုလီးယား နှင့် တိဘက်
သံဃာများ သာသနာပြန့်ပွားရေး လှုပ်
ဆောင်မှုကြောင့် ရုရှားနိုင်ငံ အလယ်ပိုင်း
အထိ ပျံ့နှံလာသည်။
1930 ခုနှစ်တွင် ရုရှားနိုင်ငံရဲ့ အုပ်ချူ ပ်မှုပိုင်း
ဆိုင်ရာ ကွန်မြူ နစ်စနစ်သို့ ပြောင်းလဲလာ
သဖြင့် ဗုဒ္ဓဘာသာသည် တစ်ခြားဘာသာ
များထက် အဖိနှိပ်ခံရဆုံး ဘာသာဖြစ်လာ
သည်။
အစိုးရက ဘုန်းကြီးကျောင်း နှင့် ပိဋိကတ်
တရားတော် စာပေများကို မီးရှို့ဖျက်ဆီးပစ်
တာခံရပြီး သံဃာများလည်း ဘုန်းကြီး
ကျောင်းမှာ မနေရဲတော့ပဲ လူထွက်ကြ
ကုန်သည်။
ဒုတိယ ကမ္ဘာစစ်အပြီး စစ်အေးကာလ၌
ဘုန်းကြီးကျောင်း အကန့်အသတ်ခွင့်ပြု
ချက်ဖြင့် ဘုန်းကြီးကျောင်းတော် နှစ်
နှစ်ကျောင်း ပြန်လည်ဆောက်ခွင့်ရပြီး
သံဃာတွေ အနည်းငယ်ရှိလာသည်။
သို့သော် သာသနာသည် ကွန်မြူ နစ် လက်
အောက်မှာ တင်းကြပ်စွာနေရပြီး 1980
ခုနှစ်မှာ ဗုဒ္ဓပိဋိကတ် တရားစာပေများ
ပြန်လည် ထုတ်လုပ်ခွင့်ရခဲ့သည်။
1989 ခုနှစ်မှာ အေရစ်စတားစ်မြို့ ၌ နှစ်ငါး
ဆယ်အတွင်း ဗုဒ္ဓဘာသာကို လွတ်လပ်စွာ
ပြန်လည် တည်ထောင်ခွင့်ရတဲ့ မင်္ဂလာစည်
တော်ကြီး ထုသံကို ကြားရတဲ့ ဗုဒ္ဓဘာသာ
ဝင်အပေါင်းတို့သည် ဝမ်းသာပီတိမဆုံး
ဖြစ်ခဲ့ကြသည်။
1991 ခုနှစ်မှာ အီဝေါခစ်စတီဆန့် မြို့နယ်
ဆိုက်ဘေးလီးယားမှာ ဗုဒ္ဓစာသင်ကျောင်း
ကို တည်ဆောက်နိုင်ပြီး စာသင်သားသံဃာ
အပါး (60) ရှိခဲ့သည်။
1991 မှာ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်
ပြန့်ပွားလာသော်လည်း သံဃာအပါးရေ
လျော့နည်းနေသဖြင့် မွန်ဂိုလီယား နှင့်
နီပေါနိုင်ငံရှိ သံဃာများကို အကူညီတောင်း
ရသည်။
ယခုအခါ သမ္မတကြီး ပူတင်လက်ထက်၌
လည်း လူတိုင်း ဗုဒ္ဓဘာသာ လွတ်လပ်စွာ
ကိုးကွယ်ခွင့် နှင့် သံဃာများကိုလည်း
သာသနာရေးရာဆောင်ရွက်ခွင့်ကို ရာနှုန်း
ပြည့် လွတ်လွတ်လပ်လပ် ဆောင်ရွက်
ခွင့်ပေးပြီး သမ္မတကြီး ပူတင်ကိုယ်တိုင်လည်း
ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် တတ်စွမ်း
နိုင်သမျှ သံဃာများကို ကူညီထောက်ပံ့
လှူ ဒါန်းခြင်းများ ပြုလုပ်ပေးသည်။
#Credit. Rose
2 people reacted
59 views