သဘောကျလိုက်တာ

" စကြာဝတေးမင်း ဖြစ်မဲ့သားShow more
ဆူးခြစ်ရာ မထင်စေနဲ့ " တဲ့

ဖတ်ကြည့်ပါနော်
ယနေ့ နာကြားထားတဲ့
မြောက်ဦး ဆရာတော် ဟောထားတဲ့ သိက္ခာသုံးပါးနဲ့
ကွက်တိ အလွန်ကြိုက်ပါ၏
*******************

စကြာဝတေးဖြစ်မယ့်သား
ဆူးခြစ်ရာမထင်စေနဲ့
__________________

ငယ်ငယ်က
အမေခဏခဏပြောဖူးတဲ့စကားလေး၊

*စကြာဝတေးဖြစ်မယ့်သား ဆူးခြစ်ရာမထင်စေရဘူး* တဲ့၊

အဓိပ္ပါယ်တော့ သိပ်နားမလည်လှပါဘူး၊
အမေပြောတာမို့သာ"ဟုတ်ကဲ့"လို့ခေါင်းညိတ်လိုက်တာပါ။

ခု-
ဗောဓိပက္ခိယသင်တန်း ပေးနေတော့
ဒီစကားကို အလေးအနက် စဉ်းစားမိလာတယ်၊
အခြေခံ"သီလသိက္ခာ"ကစပြီး
*ကျိုး,ပေါက်,ပြောက်,ကျား"မရှိစေရ!ဆိုတဲ့အကြောင်း
စပ်မိရာက မေးကြဖြေကြတော့-

*သီလ အစသိက္ခာပုဒ်ဖြစ်စေ၊
အဆုံးသိက္ခာပုဒ်ဖြစ်စေ

ပျက်ရင်.."ကျိုး"တယ်ခေါ်သတဲ့။
(အဝတ်များ အနားစုတ်သလိုဖြစ်တာပေါ့)

*အလယ်သိက္ခာပုဒ်ပျက်တာကို"ပေါက်"တယ်ခေါ်တယ်။

*နှစ်ခုတွဲဖြစ်စေ သုံးခုတွဲဖြစ်စေ အစဉ်အတိုင်းပျက်တာကို
"ပြောက်"တယ်ခေါ်တာ။

*တစ်ခုကျော်,တစ်ခုကျော်အစင်းထင်သလိုပျက်တာက
"ကျား"တယ်ခေါ်သတဲ့။
(သံ၊ဋ္ဌ၊၃-၃၀၈)

အတိုချုပ်ကတော့ သမာဓိသိက္ခာရဲ့ရှေ့ပြေးဖြစ်တဲ့သီလ
ဆိုတာ လုံးဝ အပွန်းအရှကိုမရှိမှ၊

ဘာကြောင့်လဲဆိုတော့-
ဒီစိတ်ကလေးက သမာဓိကနေ ပညာအဆင့်ဆင့်တက်ပြီး
"မဂ်"ဆိုတဲ့သရဖူဆောင်းမယ့်
"စကြာဝတေးမင်းလောင်းလေး"ဖြစ်လို့ပါပဲတဲ့၊

ဟုတ်တာပေါ့၊
အခြေခံသီလမှာ
အပွန်းအရှလေးနဲနဲရှိရင်ကို
(နောင်တပူပန်မှုက နှောက်ယှက်နေတော့မှာဆိုတော့)

သမာဓိသိက္ခာက တည်ဆောက်လို့မှမရဘဲ

ဘယ် မဂ်သရဖူဆောင်းနိုင်ပါတော့မလဲ။

အဲဒီတော့မှ-
အမေပြောပြောနေတဲ့စကားက
"ဘွား"ကနဲ သဘောပေါက်လိုက်မိတာ..

🙏ကျေးဇူးပါ အမေ..
နှစ်ဝနတ်နား ကြားသိဝမ်းမြောက်ပါစေသား..

၆.၉.၂၀၁၈
တံခွန်တိုင်ကျောင်း၊ကျည်တောင်ကန်၊
နေပြည်တော်ပုဗ္ဗသီရိ

#Credit-မူရင်း

🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုးတရား တိုးပွားကြပါ​စေ🙏

Save & Copy & Share.
2 people reacted
119 views
စိတ်ချမ်းသာချင်ရင်
**************
♦♦စိတ်ချမ်းသာမှုရဖို့ အရေးပါတဲ့စိတ်ကို ဖြူစင်အောင် ထိန်းသိမ်းစောင့်ရှောShow moreက်ရမယ်.......

♦♦လောကမှာ စည်းစိမ်ဥစ္စာတွေ ကြွယ်ဝပေမယ်လို့ စိတ်ပျော်ရွှင်မှုဆိုတာ ရချင်မှရတယ်။ ပစ္စည်းဥစ္စာတွေပေါများလို့ ချမ်းသာကြွယ်ဝပြီး စိတ်ချမ်းသာမှု မရတဲ့ ပုဂ္ဂိုလ်တွေက လောကမှာ အများကြီး။ ချမ်းသာမှု ဆိုတာကို ပစ္စည်းဥစ္စာက ပေးနိုင်တာ မဟုတ်ဘူး၊ တခြားအရာတွေ ကလည်း မပေးနိုင်ဘူး။ ပေးနိုင်တောင်မှ တခဏမျှ သာလျှင် ချမ်းသာတယ် လို့ ထင်ရရုံပဲ။ အင်မတန်မှ တိုတောင်းတဲ့ ကာလအတွင်းမှာ ချမ်းသာမှုကို ပေးတယ်လို့ ဆိုရသော်လည်း ထာဝရချမ်းသာမှုကို ပေးနိုင်တာကတော့ တရားအသိသာ ဖြစ်တယ်။ ဒါကြောင့်မို့ စိတ်ပျော်ရွှင်ဖို့ရာအတွက်၊ စိတ်ချမ်းသာဖို့ရာအတွက် လောကလူတွေဟာ ဘယ်လိုပဲ စုဆောင်း၊ စုဆောင်း၊ တရားမသိဘူးဆိုလို့ရှိရင် စိတ်ချမ်းသာမှုရဖို့ရာ အင်မတန်မှ ခဲယဉ်းတယ်။

♦♦အများအားဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မကို အထိုက်အလျောက် သိရှိကြသည့် အတွက် စိတ်ဆင်းရဲစရာကြုံတဲ့အခါ တရားနှလုံးသွင်းခြင်းဖြင့် စိတ်ဆင်းရဲမှုကို ပယ်ဖျောက်နိုင်ကြတာက လက်တွေ့ပါပဲ။ အဲဒီလို ဓမ္မအသိ၊ တရားအသိမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ဆင်းရဲလာပြီ ဆိုလို့ရှိရင် ထွက်ပေါက်ရှာမရအောင် ဖြစ်တတ်တယ်။ ထွက်ပေါက်ရှာ မရတဲ့အခါကျတော့ တခြားနည်းတွေနဲ့ စိတ်ကိုဖြေဖျောက်ဖို့ ကြိုးစား အားထုတ်ကြတယ်။ အဲဒီလို ကြိုးစားအားထုတ်တဲ့အခါ ပြဿနာက တစ်ပူပေါ် တစ်ပူဆင့်ဆိုတာလို၊ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး” ဆိုတဲ့ မြန်မာစကားလိုပဲ ပြဿနာတစ်ခု ထပ်တိုး လာရုံသာရှိတယ်။

♦♦#တရားနှလုံးသွင်းပြီးတော့ တရားအသိနဲ့ စိတ်ပျော်ရွှင်မှုကို ရတဲ့ပုဂ္ဂိုလ်ဟာ ထာဝရငြိမ်းချမ်းတဲ့ စိတ်ပျော်ရွှင်မှုကို ရနိုင်တာ။ လောကလူသားတွေဟာ စိတ်ချမ်းသာမှုကို တောင့်တကြတယ်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ အင်မတန်မှ လိုလားကြတယ်။ ဗုဒ္ဓဘာသာဝင်တွေရော ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေရော၊ စိတ်ချမ်းသာမှုဆိုတာ အမြဲတမ်း ရှာဖွေနေကြတယ်။ ဒါကြောင့်မို့ လောကလူသားတွေရဲ့ တူညီတဲ့အချက်က ဘာလဲဆို ချမ်းသာကို လိုလာခြင်းဆိုတာ တူညီတဲ့အချက်ပဲ။ ဘယ်ဘာသာဝင် ဘယ်လူမျိုးပဲဖြစ်ဖြစ် ချမ်းသာချင်ကြတာချည်းပဲ၊ ဆင်းရဲမှုကို ကြောက်ရွံ့ကြတယ်။

♦♦သို့သော်လည်း ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်း #ချမ်းသာသုခရသလားလို့ဆို မရဘူး။ မရတာ ဘာကြောင့်လဲလို့ဆို ချမ်းသာသုခကိုပေးနိုင်တဲ့ အစစ်အမှန် အကြောင်းတရားကို မသိလို့တဲ့၊ ဒီလိုပြောရတယ်။ တခြားနည်းတွေနဲ့ စိတ်ချမ်းသာမှုကို ရှာတာဟာ တခဏမျှသာ စိတ်ချမ်းသာမှုကို ရသလိုလို ရှိပြီး၊ နောက်ပိုင်းမှာ စိတ်ချမ်းသာမှုကို မရဘဲနဲ့ စိတ်ဆင်းရဲမှုတွေ ထပ်တလဲလဲ ဖြစ်ပေါ်ပြီး လာတတ်တယ်တဲ့။

♦♦မြတ်စွာဘုရားရဲ့အဆုံးအမဟာ လူသားတွေမှာ mind-center-teaching လို့ ဒီလို ပြောလို့ရတယ်။ mind-center-teaching ဆိုတာ လူတွေရဲ့ အသိစိတ်၊ လူတွေရဲ့စိတ်ဓာတ်ကို ဗဟိုပြုပြီးတော့ ဆုံးမတဲ့ သြဝါဒ၊ ဆုံးမစကား။ လူတွေမှာ ဗဟိုပြုရတာ တစ်ခုရှိတယ်။ အားလုံးဟာ ဘာကို ဗဟိုပြုရသလဲလို့ဆိုရင် မိမိရဲ့ စိတ်ကလေးကို ကောင်းအောင် ဗဟိုပြုရတယ်၊ စိတ်ကောင်းမှုတဲ့။ စိတ်ရဲ့အညစ်အကြေးတွေ၊ စိတ်ရဲ့ ပူပန်မှုတွေ ရှင်းလင်းနိုင်ရမယ်၊ ဖယ်ရှားနိုင်ရမယ်။ မဖယ်ရှားနိုင်ဘူး ဆိုလို့ရှိရင် စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်မှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး။ ဘုရားရဲ့အဆုံးအမက ကိုယ့်စိတ်ကို ဖြူစင်အောင် ထားဖို့က အဓိကဖြစ်တယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်စိတ်ကို ဖြူစင်အောင် ကြိုးစား၊ စိတ်ရဲ့အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကြိုးစားခိုင်းတာ။

♦♦ကိုယ့်ဘဝ ကိုယ်လက်တွေ့ စဉ်းစားကြည့်။ တစ်စုံတစ်ခု လုပ်မယ် ဆိုရင်လည်း စိတ်ထဲမှာ အရင် ဖြစ်တယ်။ ပြီးတော့မှ ပြောတယ်၊ လုပ်တယ်ဆိုတာ ဖြစ်တယ်။ အဲဒီတော့ ဒီလောက် အရေးပါတဲ့ စိတ်ကို ဘုန်းကြီးတို့တစ်တွေ ဖြူစင်အောင်ထားဖို့ ထိန်းသိမ်း စောင့်ရှောက်ဖို့ ဆိုတာ အရေးကြီးတယ်။ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမပဲ။

#ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော “တရားသိလျှင် စိတ်ပျော်ရွှင်” တရားတော်မှ တစ်စိတ်တဒေသကို မျှဝေ ဓမ္မဒါနပြုပါသည်။

WWL (5-Sep-2018)

#Credit
4 people reacted
99 views
{သူတော်ကောင်းဖြစ် အရည်အချင်းစစ်အင်္ဂါခုနစ်ပါး}

⚪ လူသည် သူတော်ဖို့ ကိုယ်ကောင်းဖြင့်ထောက်မ, နိုင်ရန်။Show more

⚪ လူသည် သူတော်သို့ကပ်၍ ကိုယ်ကောင်းဓာတ် ဟပ်ယူနိုင်ရန်။

⚪ လူ့ဘဝရောက်၍ လူစိတ်ပေါက်တုန်း သူတော်ကောင်းဥစ္စာခုနစ်ဖြာကို လမ်းသွားရိက္ခာ နေရာထိုင်းစား စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြားပမာ စုဆောင်းကြရာသည်။

ထိုစဉ် ▪ ▪ ▪

⚪ သဒ္ဓါသည် လူမှလူသို့ သွားလာရာ၏ လမ်းပြဦးစီးတည်း။

⚪ သီလသည် လမ်းသွားရင်းက ရသောဥစ္စာကို ထည့်ဖို့ရာ လွယ်အိတ်တည်း။

⚪ သုတသည် ခရီးစဉ်နှင့် ထိုအတွင်း သတင်းထောက်လှမ်း ကင်းတည်း။

⚪ စာဂသည် မခိုင်ခန့်သည်ကိုချထား၊ ခိုင်ခန့်သည်များကို အတွင်စုသော လက်တည်း။

⚪ ပညာသည် မှားမှန်ကောင်းဆိုးတို့ကိုလိုက်၍ အကဲဖြတ်ပေးနေသော မျက်စိတည်း။

⚪ ဟီရိသည် တိရစ္ဆာတို့အစာ လု၍စားမည်ကို လူချင်းဖက်၍ ရှက်နေခြင်းတည်း။

⚪ သြတပ္ပသည် တိရစ္ဆာတို့၏ တန်ပြန်ရန်ကို ကြောက်နေခြင်းတည်း။

သို့မဟုတ် ▪ ▪ ▪

⚪ ဟီရိသည် လမ်းသွားရာဝတ်ရသော အဝတ်တည်း။ သြတပ္ပသည် လမ်းသွားရာစီးရသော ဖိနပ်တည်း။

ထိုအားလုံးတို့ကို သတိကချုပ်ကိုင်ရကား ထိုသတိသည် လူ့ဦးနှောက်ပင်တည်း။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

[၂၀၀၂ ခုနှစ်၊ ဇူလိုင်လထုတ် လူ့ဘုံခန်းဝါ ဓမ္မတာ စာ-၆၈ ကံကောင်းထောက်မခြင်းဆိုင်ရာစကား မှ]

share & copy

Credit -
8 people reacted
92 views
ဓမ္မကိုအဖော်ပြုမှထာဝရချမ်းသာမည်။
◾◽◾◽◾◽◾◽◾◽◾◽
Show more
ဒီတရားခေါင်းစဉ်ကို မှတ်ထားပြီး ဘဝခရီး လျှောက်လှမ်းတဲ့
အခါ ထာဝရချမ်းသာဖို့ အရေး ဘာကို အဖော်ပြုရမလဲ။
လောကလူသားတွေ ဘာကို အဖော်ပြုနေသလဲလို့
တစ်ကမ္ဘာလုံးမှာရှိကြတဲ့ သတ္တဝါတွေကို
အာရုံပြုကြည့်ပေါ့။ အားလုံးလူတွေဟာ အဖော်မဲ့
နေကြတာတော့ မဟုတ်ဘူး။အဖော်နဲ့နေကြတာ။
မိသားစုနဲ့ နေကြတယ်။မိတ်ဆွေသင်္ဂဟ
အပေါင်းအသင်းတွေ နဲ့ နေကြတယ်။
သူငယ်ချင်းတွေနဲ့ နေကြတယ်။
လူ့ရဲ့သဘာဝအရ ပြောရမယ်ဆိုရင် လူဟာ
အဖော်မရှိဘဲ မနေတတ်တဲ့ သတ္တဝါမျိုးလို့ ပြောရမှာပဲ။
တခြား သတ္တဝါတွေ ကြည့်လိုက်မယ်ဆိုရင်လည်း
အဖော်နဲ့ နေကြတာပဲ။ ဒီလို အဖော်နဲ့နေရတာရဲ့
အကျိုးကျေးဇူးက ဘာလဲ။ဘယ်အဖော်မျိုးကို ရှာဖွေမှ
တကယ့် အရေးကြုံလာတဲ့အခါမှာ ကောင်းတဲ့
အခြေအနေမျိုးတွေ ဖြစ်န်ုင်သလဲဆိုတာ ဘဝအရေးနဲ့
ပတ်သတ်ပြီး သေသေချာချာ စဉ်းစားဆင်ခြင်
သုံးသပ်ကြည့်ရမှာ ဖြစ်တယ်။

ဘဝတစ်ခုဟာ အဆင်ပြေနေတဲ့အချိန်မှာဆိုရင်
သူငယ်ချင်း အပေါင်းအသင်းနဲ့နေနေ၊
မိသားစုနဲ့ပဲ နေနေ ၊ ကိုယ်နှစ်သက်ရာ ပုဂ္ဂိုလ်တွေနဲ့ပဲ
နေနေ ဘဝခရီးမှာ အဆင်ပြေနေကြမှာပဲ။
ဒီလိုနေတိုင်း မကောင်းဘူးလို့ ပြောလို့မရဘူး။
အပေါင်းအသင်းတိုင်း မကောင်းတာ မဟုတ်ဘူး။
ကောင်းတဲ့ အပေါင်းအသင်းတွေ အများကြီးရှိတယ်။
တစ်ဦးတစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့
နေကြတာ။ ဘဝရပ်တည်ဖို့အတွက် တစ်ဦးတစ်ဦး
အဖော်ပြုပြီးတော့နေကြတာ။

သို့သော် အပေါင်းအသင်း အဖော်ပြုမှုတွေဟာ
ထာဝရချမ်းသာမှုကို ပေးနိုင်သလား၊မပေးနိုင်ဘူးလား
ဆိုတာ အလေးအနက်စဉ်းစားရမှာ ဖြစ်တယ်။
မြတ်စွာဘုရားဟောတဲ့ တရားတော်ကို နာယူပြီး
လေ့လာသုံးသပ်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့
ဆုံးမသွန်သင်ချက်တွေဟာ အင်မတန်မှ မှတ်သားစရာ
ကောင်းတယ်။ ဘုရားဆုံးမတဲ့ တရားတွေဟာ
တကယ်တော့ ဒီကနေ့ခေတ် ပြောနေတဲ့ Religion
ဆိုတဲ့ ဘာသာတရားမျိုး မဟုတ်ဘူး။
အဆုံးအမ သြဝါဒသာဖြစ်တယ်။
ဘဝမှာ နေနည်းထိုင်နည်း တစ်ခု။
Way of life လို့ ဆိုရမယ့် ပညာရပ် တစ်မျိုးပေါ့။
သို့မဟုတ် Art of living in a life ပေါ့။
ဘဝမှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပညာရပ်တစ်မျိုးပဲ။
အဲဒီတော့ ဘဝမှာ နည်းအမျိုးမျိုးနဲ့ နေထိုင်ကြတဲ့အခါမှာ
တစ်သက်လုံး အဆင်ပြေမှုတွေနဲ့ ချမ်းသာသုခရသွားတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိတယ်။

သို့သော် နောက်ဆုံးအချိန်ကလေးမှာ လူဟာ
လိုအင်ဆန္ဒမပြည့်ကြတာ များတယ်ပေါ့။

ဘဝရဲ့ အစ အဆုံးမှာ မိမိရဲ့ အပေါင်းအသင်း
ရောင်းရင်းတွေ၊ ဆွေမျိုးတွေ ကောင်းကြတယ်။
အပြန်အလှန် အကျိုးပြုပြီးနေကြတယ်။
နောက်ဆုံး ဒုက္ခရောက်လာတဲ့ အချိန်ကျတော့၊
ဆိုပါစို့၊အိုခြင်းတရားနဲ့ ရင်ဆိုင်လာပြီဆိုတဲ့အချိန်မှာ
ဘယ်သူက ကယ်တုန်းဆို ဘယ်သူမှ မကယ်နိုင်ဘူး။
နာခြင်းတရားနဲ့ ကြုံတွေ့လာပြီဆိုရင် ဘယ်သူက
ကယ်တုန်း။ ဘယ်သူမှ မကယ်နိုင်ဘူး။
Individual ကိုယ်ဖြစ် ကိုယ်ခံ ပုံစံမျိုးပဲ။
သေခြင်းတရားနဲ့ ရင်ဆိုင်တဲ့အခါမှာလည်းပဲ
မိမိကိုယ်တိုင်ပဲ ကြိတ်မှိတ်ခံစားကြရတယ်။
အဲဒီလို မျှဝေခံစားလို့ မရတဲ့ ဒုက္ခတွေ ကြုံလာလို့
ရှိရင် ဘယ်သူ့ကို အဖော်ပြုရမှာလဲလို့ စဉ်းစားဖို့
လိုတယ်ပေါ့နော်။

လူတွေဟာ အသက်ရှင်မှုပေါ်မှာလည်း မာန်တက်တယ်။
ငါဟာ အသက်ရှည်တယ်၊ အသက်ရှင်တယ်။
အဲဒီ အသက်ရှည်မှုအပေါ်မှာ မာန်တက်နေတဲ့
အခါမှာလည်း ငါ မသေဘူး၊ ကျန်တဲ့သူတွေသာ
သေတာလို့ ဒီလို စိတ်ထဲမှာ ဖြစ်တတ်တယ်။
အသက်ရှင်မှုကို အကြောင်းပြုပြီးတော့ မသေနိုင်သေးဘူး
ဆိုတဲ့ မာန်တင်းမှုတွေကြောင့် မဟုတ်တာတွေ
လုပ်မိတတ်တယ်တဲ့။
“ငါဟာ အချိန်မရွေး သေနိုင်တယ်၊ မသေခင်
ကောင်းတာတွေ လုပ်မှ”ဆိုတဲ့ မှန်ကန်တဲ့ အတွေး တွေးဖို့
လိုတယ်တဲ့။ အဲဒီလို တွေးမှ ကောင်းမြတ်တဲ့
အတွေးမျိုး ဖြစ်မယ်။ ကောင်းကျိုးချမ်းသာကို
ပေးနိုင်တယ်တဲ့။ ဒီလိုဆိုတာနော်။

မှန်ကန်တဲ့အတွေးတွေကို တွေးဖို့ မြတ်စွာဘုရားက
ဟောတာ။ ဆိုလိုတာက မြတ်စွာဘုရားတရားတော်ဟာ
အင်မတန်မှ လက်တွေ့ကျတယ်။ အခုလိုတွေးတာဟာ
တရားမဟုတ်ဘူးလို့ မထင်နဲ့။
ဒါ တရား၊ တရားဆိုတာ အဝေးသွားရှာစရာ မလိုဘူး။
မှန်မှန်ကန်ကန်စဉ်းစားတာ တရားပဲ။
အဲဒီ မှန်မှန်တွေးတာကိုပဲ မဂ္ဂင်ရှစ်ပါးထဲက
သမ္မာသင်္ကပ္ပ လို့ ပြောတာ။ မှန်မှန်ကန်ကန်မြင်ပြီဆိုရင်
သမ္မာဒိဋ္ဌိ ပဲ။ ဒီလို ဆိုလိုတာ။ အမှန်တွေးတဲ့အခါမှာ
အမှန်မြင်လာတယ်။ အမှန်မြင်လာတော့ အမှန်
လုပ်လာတယ်။ ဒီလို ဆိုလိုတာပေါ့။
တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်နေတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】ဆက်ရန်►
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
5 people reacted
71 views
For Only Me
*************
*************Show more
ဖတ်ထား မှတ်ထားတာတွေ
များသလောက်
လက်တွေ့ တရားမရှိရင်
ကိလေသာ နှိပ်စက်
လိမ့်မယ်။

#ဘယ်လိုနှိပ်စက်မလဲဆိုရင်
ပူအောင်လုပ်မယ်
လောင်အောင်လုပ်မယ်
စိတ်ရော,ကိုယ်ရော ဆင်းရဲအောင်လုပ်မယ်။

ကိလေသာသည် မီး
ခန္ဓာသည် လောင်စာ
ဘယ်လောက်တောင် လောင်သလဲ
မွေးကတည်းက ယနေ့ထိ လောင်နေတာ။

မျက်စိကိုလည်း အချစ်အမုန်းနဲ့ လောင်တယ်၊
နားကိုလည်း ချော့တာ ဆဲတာနဲ့ လောင်တယ်၊
လျာကိုလည်း စား ကောင်းတာ,မကောင်းတာနဲ့ လောင်တယ်၊
နှာ, ကိုယ်, စိတ်, အကုန် အလောင်ခံနေကြရတယ်​။

#အလောင်မခံချင်ရင်
#မလောင်တော့ဘူး

မွေးကတည်းက ရှု ရှိုက်နေတဲ့ လေ

ဝင်ရင် ထိ , ထိရင် သိ။

ထွက်ရင် ထိ, ထိရင် သိ။

ယခု သိ ယခု မီးငြိမ်းပြီ မှတ်ပါ။

အဲဒါ နိဗ္ဗာန် ဖြတ်လမ်း ပဲကွယ့်။


ကျေးဇူးတော်ရှင်
ဝေဘူဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏

🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုးတရား တိုးပွားကြပါ​စေ🙏

Save & Copy & Share.
Credit -
4 people reacted
73 views