ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစShow more
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။
“၁၀၂၇ စစ်ဆင်ရေး” ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ စစ်ဆင်ရေး စတင်သည့်နေ့ တွင် တိကျရှင်းလင်းစွာကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကြေညာချက်များထဲတွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးသည် တစ်ချက်အပါအဝင်ဖြစ်သကဲ့သို့ အွန်လိုင်းလိမ်လည်မှုပပျောက် ရေး Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကိုလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေးသည်လည်း တစ်ချက်အပါအဝင် ဖြစ်သည်။
စစ်ဆင်ရေး (၄၈) ရက်တာကာလအတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ စစ်စခန်းအများအပြားကို မိမိတို့ ညီနောင် မဟာမိတ်သုံးဖွဲ့မှ မရပ်မနား ရက်ဆက်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့ ပြည်သူလူထုအား ဒုက္ခပေးနေသော စစ်ကောင်စီ ၏ လက်နက်ကြီးကုန်းများမှ လက်နက်ကြီးပစ်ခတ်မှုများသည် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားခဲ့သော်လည်း ကျန်ရှိနေသေးသော လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများကို ထပ်မံရှင်းလင်းရန် လိုအပ်နေသေးသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီသည် လေကြောင်းအားကိုးဖြင့် မိမိတို့ ပြည်သူလူထုများအား မိုက်ရူးရဲစွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရသည့်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိသည်။
မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလိုရှိနေသော ကျဖျင်ပဲ့ကိုင်ရှင်များ နှင့် ကျဖျင် ကုမ္ပဏီမှ လိမ်လည်နေသူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ အရေအတွက်မြောက်မြားစွာကို အပ်နှံခဲ့ပြီး ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း ကျဖျင့်ပဲ့ကိုင်ရှင်အချို့ အပါအဝင် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်နေ သူအချို့မှာ ထွက်ပြေးလွတ်မြောက်တိမ်းရှောင်နေသေးသောကြောင့် မိမိတို့အနေဖြင့် မည်သည့်နေရာတွင်ရှိနေသည်ကို သေချာစွာစုံစမ်းပြီး လိုက်လံဖမ်းဆီးခြင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါသည်။
အာဏာလက်လွတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စစ်ကောင်စီသည် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရသည်။
ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ကောင်စီသည် ၎င်းတို့၏ အရေးပါသောနေရာများ လက်မလွတ်ရေး နှင့် မဆုံးရှုံးရရေးတို့အတွက် အသည်းအသန်တိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။
(၁) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၆:၀၀) အချိန်ခန့်တွင် စစ်တွေမြို့ရှိ မြို့မဈေးကြီးဆိပ်ကမ်းတွင် ရပ်နား ထားသော ဘုတ်၊ စက်လှေနှင့် သမ္ဗာန်ငယ်များအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် (၆) ဦးခန့်မှ လာရောက်ကာ သေနတ်များ ဖြင့် တမင်တကာခြောက်လှန့်ပစ်ခတ်ခဲ့သည်။
(၂) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းဝအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တမင်တကာပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် (၅၄) နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသား (၁) ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့သည်။
ထို့အပြင် နေ့လယ် (၁:၀၀) အချိန်ခန့်တွင်လည်း ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ပါဒလိတ်အခြေစိုက် (၃၄၄) တပ်ရင်းမှ အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
(၄) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ညနေ (၃:၀၀) အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၏ မြို့ပြင်တစ်နေရာ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ညနေ (၄:၂၈) အချိန်ခန့်တွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ရှေးဟောင်းသမိုင်းဝင်နယ်မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့သည်။
ထို့အပြင် မြောက်ဦးမြို့၊ မင်္ဂလမာရ်အောင်အထက်ဘက်တောင်ကြောတစ်လျှောက်၊ သက္ကျမာရ်အောင်ဘုရားအနီး ပတ်ဝန်းကျင်များနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ မိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာ တောင်တန်းတလျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
(၅) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၅:၀၀) ကျော်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော စစ်ကောင်စီ၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဦးတည်၍ တမင်တကာရမ်းကားပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ နေအိမ် (၂) လုံး ပျက်စီးသွားခဲ့သည်။
(၆) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ည (၇:၀၀) အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းတံတား အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၇) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်၊ အထက်တုန်ခန်ကျေးရွာနှင့် နမ့်ခုမ်ကျေးရွာကြား၌ ညီနောင် (၃) ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် အထက်တုန်ခန်ကျေးရွာဘက်သို့ (၂) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။
(၈) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၂:၃၅) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) သည် တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ကွမ်းလုံတံတားကို ကျော်ဖြတ်ပြီး အောင်ပွဲခံနေကြသည့် ရုပ်သံမှတ်တမ်း။Show more