သမိုင်းကိုကြည့်တဲ့အခါ ယနေ့ခေတ် မြင်နေရတဲ့ အမြင်နဲ့ မကြည့်ဖို့ အရေးကြီးတယ်။
မြင်သာအောင် ပြောရရင် ယိုးဒယားနိုင်ငံရဲ့ အေဒီ၈ရာစု၊ ၉ ရာစု သမိုင်းကိုကြည့်မယ်ဆိုရင်
Show more ယနေ့ထိုင်းလူမျိုးတွေကို သွားကြည့်လို့မရဘူး။
ထိုကာလက လဝတွေ မွန်တွေရဲ့ သမိုင်းအဖြစ် ရှုမြင်တတ်ရမယ်။
အဲဒီလိုပဲ ဘီစီခေတ်က အိန္ဒိယကိုပြောတဲ့အခါ ယခုမြင်နေရတဲ့ အိန္ဒိယနဲ့ထပ်တူလို့ မမြင်ရဘူး။
ဘီစီခေတ်က သမိုင်းပုံစံနဲ့ ရှုမြင်ရမှာ ဖြစ်ပါတယ်။
နယ်မြေကအစ ဘီစီခေတ် အေဒီအစောပိုင်းတွေကို ရည်ညွန်းပြီး အိန္ဒိယလို့ပြောရင် ယနေ့ခေတ် အာဖဂန်၊ နီပေါ၊ အကုန်ပါတယ်။
အထူးသဖြင့် ဗုဒ္ဓခေတ်ကို ပြောတဲ့နေရာမှာ အိန္ဒိယနဲ့နီပေါ ဆို ခွဲခြားပြောလို့မရဘူး။
အဲဒီခေတ်က တကယ်တမ်း အိန္ဒိယလည်း မရှိသေးဘူး။ နီပေါလည်း မရှိသေးဘူး။ အိန္ဒိယတိုက်ငယ် တစ်ခုလုံးကို ခြုံပြီး မြင်ကြည့်ရမှာဖြစ်တယ်။
ယနေ့ခေတ်တော့ အလွယ်တကူပဲ ပျူတွေထံကို အိန္ဒိယမှ ယဉ်ကျေးမှုများ ကြားခံမရှိရောက်ရှိတယ်လာတယ်လို့ ပြောတာကို ယနေ့အိန္ဒိယရဲ့ ယဉ်ကျေးမှုပုံစံမျိုးရောက်တယ်လို့ မြင်ရင် အမြင်မှားနေဦးမှာပဲ။
ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံကိုကြည့်ရင် သာကီဝင်တို့ရဲ့ ကပ္ပိလတိုင်း၊ ဒေဝဒဟတိုင်း၊ ကောလိယတိုင်း။ နောက်ပြီး လစ္ဆဝီတိုင်း၊ မလ္လာတိုင်းတို့ဟာ မွန်ဂိုလွိုက် အစုဝင် ဗုဒ္ဓဘာသာတွေ။
အင်အားသိပ်ကောင်းတဲ့ ကောသလ၊ မာဂဓ တို့လည်း ဗုဒ္ဓဘာသာ အများစုတွေ။
ကောသလမင်းကြီး လွန်တော့ အိန္ဒိယတိုက်ငယ် တစ်ခုလုံးနီးပါး အင်အားအကြီးဆုံးက ပထမသင်္ဂါယနာတင် ဗုဒ္ဓဘာသာ အဇာသတတ်မင်းကြီး။
ဆရာကြီးမိုက်ကယ်အောင်သွင် ဆိုလိုတဲ့ အိန္ဒိယဘက်က ပျူတွေထံယဉ်ကျေးမှုတွေ ရောက်လာတယ်ဆိုတာ အခုခေတ် ကုလားယဉ်ကျေးမှု ရောက်လာတာကို ဆိုလိုတာမဟုတ်ဘူး။
တိဘက်တိုဘားမန်း သာကီဝင်တွေ ရောက်လာတာကို ဆိုလိုတာ ဖြစ်တယ်။
အိန္ဒိယမှုပြုခြင်းဆိုတာကို တော်တော်များများက လုံးသုတ်နေကြတယ်။
အရှေ့တောင်အာရှ သမိုင်းမှာ အိန္ဒိယမှုပြုခြင်းဆိုတာကို ခေတ်မခွဲပဲရောချနေကြတယ်။
အိန္ဒိယမှုပြုခြင်းဆိုတာ တကယ်တော့ အေဒီ ၂ရာစု ၅ရာစု အိန္ဒိယတောင်ပိုင်းက ဟိန္ဒူ စောဠရေတပ်တွေ ပင်လယ်ဘက်ကနေ သီရိလင်္ကာ၊ စူမတြား၊ ဂျာဗား၊ မလေးကျွန်းဆယ်ကနေ ကမ္ဘောဒီးယားမှ ဒွါရာဝတီ(ယနေ့ထိုင်းနိုင်ငံ) တို့ကို လွှမ်းမိုးခဲ့ရာက စခဲ့တယ်။
အဲဒီမတိုင်မီက အိန္ဒိယကြီးပင်လျှင် ဗုဒ္ဓဘာသာတိုင်းပြည်လို့ ပြောလို့ရပါတယ်။
ရှေ့မှာပြောခဲ့သလို ဗုဒ္ဓခေတ်၊ အသောကခေတ် တို့မှာ အိန္ဒိယသည် ဗုဒ္ဓဘာသာတိုင်းပြည်ကြီးသာ ဖြစ်ခဲ့တယ်။
ဒီတော့ အေဒီ၂ရာစု စောစောကပြောတဲ့ အိန္ဒိယမှုပြုခြင်းဆိုတဲ့ ခေတ်မတိုင်မီက အိန္ဒိယကရောက်ရှိလာတဲ့ ယဉ်ကျေးမှု(ဝါ) စောဠတို့ရွက်မလွှင့်မီ အိန္ဒိယမှုပြုခြင်းဆိုတာ ဗုဒ္ဓဘာသာအဓိက အိန္ဒိယမှုပြုခြင်းလို့သာ ဆိုရပါမယ်။
အဲဒါကြောင့် လုစ်တို့က လည်တာ။
ပျူမြို့ဟောင်းတွေဟာ အေဒီ၎ရာစုစတယ်ဆို လုပ်ခဲ့ကြတာ။
အခု ယူနက်စကိုဝင်တာ ပျူမြို့ဟောင်းတွေဟာ ဘီစီ၂ရာစု အနည်းဆုံးရှိပြီး၊ တနည်းအားဖြင့် ဘီစီ၂ရာစုမှာ အားကောင်းမောင်းသန် ဗုဒ္ဓသာဘာသာ ယဉ်ကျေးမှုကြီးထွန်းကားနေပြီဆိုတာ တင်ပြနိုင်လို့ပဲ။
ဘီစီ၂ရာစုမှာ အားကောင်းမောင်းသန် ထွန်းကားနေပြီဆိုကတည်းက အဲဒီထက်စောလို့ပေါ့။
ဒါကို ကြေးခေတ်သင်္ချိုင်းတွေက ထောက်ခံနေပြီးသား။
ဘီစီ၂ရာစုဆိုကတည်းက ဟိန်ဒူလိုက်ဇေးရှင်း ဒီဘက်ကိုမရောက်သေးဘူး။
အိန္ဒိယကြီးကိုယ်တိုင် ဗုဒ္ဓဘာသာ အားကောင်းဆဲ။
ထပ်ပြောချင်တာက အိန္ဒိယမှုပြုခြင်း၊ အိန္ဒိယန်လိုက်ဇေးရှင်းဆိုတာနဲ့ ဟိန်ဒူလိုက်ဇေးရှင်းလို့ တရားသေ မမှတ်ဖို့ပြောတာ။
ပျူမြို့ဟောင်းတွေ ဟိန်ဒူအထောက်အထား မတွေ့ရဘူးလို့ မပြောဘူး။
တွေ့ရတယ်။ ဒါပေမယ့် အစောဆုံး တွေ့ရတဲ့ ဟိန်ဒူအေထာက်အထားတွေက အေဒီ ၈ရာစု၊ ၉ရာစု ဝန်းကျင်တွေ။
မဟာယာန မတွေ့ဘူးလည်း မပြောဘူး။
တွေ့ရတဲ့ မဟာယာန အထောက်အထားတွေက အေဒီ ၉ရာစု ဝန်းကျင်တွေ့ချည့်ပဲ။
သရေခေတ္တရာမှာ တွေ့ရတဲ့ မဟာယာနနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဗုဒ္ဓဆင်းတုတွေက အထက်က ဟိန်ဒူနတ်ရုပ်၊ မဟာယာန ရုပ်ပွားတွေထက် ရာစု နှစ်ပေါင်းများစွာ ရှေးပိုကျတာတွေ ရှိတယ်။
ပြီးတော့ ဟိန်ဒူနဲ့ မဟာယာန အထောက်အထားက နည်းနည်းလေး။
တကယ့်ကို လူနည်းစုလေး အတွက်လောက်ပဲ။
ဟိန်ဒူ မဟာယာနနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ရုပ်ပွားတော်ပေါင်းက အများကြီးပိုများပါတယ်။
အိန္ဒိယမှုပြုခြင်းဆိုတာနဲ့ ဟိန်ဒူ အရင်ရောက်၊ ပြီးမှမဟာယာနရောက်၊ ပြီးမှ ထေရဝါဒဖြစ်တာမျိုး မဟုတ်ဘူးလို့ ပြောနေတာပါ။
ထေရဝါဒ အားကောင်းမောင်းသန် ရှင်သန်နေတဲ့နေရာကို နောက်မှ ဟိန်ဒူနဲ့မဟာယာန နည်းနည်းရောက်လာတာ။
ဈာန် သစ် အောင်