











စိတ်ရှုပ်ဖွယ် ၊ တကယ်ပူလှ၏၊ ။

လူ့စွမ်းအား ၊ ထူးခြားမြင့်တတ်၏။

ဆိုတဲ့ ဘူးတစ်ယောက်ရှိတယ်။
"ဘုရားတည်ရန်"ဆိုတဲ့ အတိတ်နဲ့
ထီထိုးသတဲ့။ ထီဖွင့်တော့ တစ်သိန်းဆု
ပေါက်တယ်။ သူ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း
ဘုရားတည်ဖို့စီစဉ်တယ်။ မြေတစ်နေရာ
ငါးသောင်းပေးဝယ်လိုက်တယ် ။
ကျန်ငါးသောင်းနဲ့မတည်ပြီး
ဘုရားတည်မယ်ပေါ့။

"ဒီမြေနေရာ သူပိုင်ပါတယ်"ဆိုပြီး အမှုလာ
လုပ်တယ်။ ဖိုးထိန် ၁-ယောက် အလုပ်တွေရှုပ်သွားတယ်။ မခံချင်စိတ်နဲ့
ဖြစ်ချင်ရာဖြစ် ဆိုပြီး အမှုရင်ဆိုင်လိုက်ရတာ
ဘုရားတည်ဖို့ ထားတဲ့ငွေငါးသောင်း
အကုန်ပြုတ်ပဲ။ ဒါတင်မကဘူး။ နောက်ထပ်
လက်ထဲမှာရှိတဲ့ ငွေငါးသောင်းလောက်လဲ
ကုန်သွားပြန်တယ်။

စိတ်ညစ်လိုက်တာ ။"ဘုရားတည်ဖို့ထီထိုး
တာ ထီလဲပေါက်ရက်သားနဲ့ ငါကြံစည်သလို
တစ်ခုမှမဖြစ်၊ အနှောက်အယှက်တွေနဲ့သာ
ရင်ဆိုင်နေရတယ်၊ အမှုတွေရှုပ်,အလုပ်တွေရှုပ်၊
တယ်လဲ စိတ်ညစ်ဖို့ကောင်းပါလား"ဆိုပြီး
အတော်စိတ်ဆင်းရဲနေရှာသတဲ့။

သွားတယ်။ ဘုန်းတော်ကြီးက ဦးတိဿ တဲ့။
လူဆိုတာ ကိုယ့်စိတ်ထဲ့ရှိနေတဲ့ အလုံးအခဲ
တွေကို သူများရှေ ့ပြောချလိုက်ရရင်
ရှင်းသွားသလိုဖြစ်တတ်တယ်။ ဖိုးထိန်လဲ
သူ့စိတ်ထဲက အလုံးအခဲတွေကို ဘုန်းကြီးရှေ့
အန်ထုတ်တော့တာပဲ။ သူ့အကြောင်းအရာကို
လျှောက်ပြထားတယ်။
"ဘုန်းကြီးဘုရား၊ တပည့်တော် ဘုရားတည်ဖို့
ထီထိုးတာ ထီပေါက်တယ်ဘုရာ့၊ ဘုရားတည်
မယ်လုပ်တော့ အမှုတွေဖြစ်, အလုပ်တွေရှုပ်
ကုန်တယ်ဘုရား ၊ တပည့်တော်စိတ်ကူးသလို
ဖြစ်မလာတော့ စိတ်ဆင်းရဲပြီး စိတ်ဓာတ်တွေ
ကျနေတယ်ဘုရား၊ ဘုရားတည်ချင်တဲ့စိတ်
တောင် မရှိတော့ပါဘူးဘုရား "
🔺ဒီတော့ ဘုန်းကြီးဦးတိဿ က"ဟဲ့.....ဖိုးထိန်၊
ဘာလုပ်ဖို့ ဘုရားတည်ချင်ရတာလဲ"
"ကုသိုလ်လိုချင်လို့ဘုရား""ကုသိုလ်လိုချင်လို့
ဘုရားတည်ချင်ရင် လွယ်ပါတယ်ဖိုးထိန်ရယ်၊
ဘုရားတကယ်တည်ချင်ရင် ငွေလဲမလိုပာဘူး၊
မြေလဲ မလိုပါဘူးကွ၊ ငွေမပါပဲ မြေပပါပဲ
ကုသိုလ်ရအောင် ဘုရားတည်လို့ရပါတယ်ကွ"
လို့ဆိုတော့ ဖိုးထိန်က "အား -ဘုန်းကြီးဘုရား
-ငွေမရှိပဲ မြေမရှိပဲ ဘယ်လိုလုပ်ပြီး ဘုရား
တည်လို့ ဖြစ်မှာလဲဘုရား ၊ အမိန့်ရှိပါဦးဘုရား"
"အော်- မင်းမှာ နှလုံးသားမြေကြီးရှိသားပဲကွ၊
ဘယ်သွားဝယ်စရာလိုသေးလဲ၊ နှလုံးမြေကြီးကို
သဒ္ဓါ ပညာ သတိနဲ့ ချက်ချင်း ရှင်းလိုက်စမ်းပါ၊
ဘာမှမခက်ဘူး ၊လွယ်လွယ်လေးရယ်၊
မင်း နမောတဿဆိုတတ်တယ်နော် "
"ဆိုတတ်ပါတယ်ဘုရား ၊တပည့်တော်
ငယ်ငယ်ကလေးကစ ရနေတာပဲ"
"အေး - ဒီလိုဆိုရင် ပါးစပ်ထဲတင် ပြန်ထွက်
သွားမယ့် နမေတဿ မဖြစ်စေနဲ့ကွ၊
တကယ့်သက်တော်ထင်ရှားဘုရားရဲ့ဂုဏ်တွေ
ထိအာရုံပြုပြီး လေးလေးနက်နက် နှလုံးသားထဲ
ထည့်ပေးလိုက်စမ်း၊ နှလုံးသားထဲစွဲမြဲအောင်
အာရုံပြုလိုက်စမ်း ၊အဲဒါ ဘုရားတည်တာပဲကွ"
"သရဏဂုံ ၃ ပါးကော ဆိုတတ်ရဲ့လား
ဖိုးထိန်" "တပည့်တော် ငယ်ငယ်ကလေးကစ
ဆို တတ်ပါတယ်ဘုရား " "အေး ......အဲဒီ
သရဏဂုံလဲ ပါးစပ်ဖျားတင်ပြန်ထွက်သွားမယ့်
သရဏဂုံ မဖြစ်စေရဘူးကွဲ့၊ သဒ္ဓါတရားနဲ့
ယုံယုံကြည်ကြည် ,ပညာတရားနဲ့ လေးလေး
နက်နက်, သတိတရားနဲ့ စူးစူးစိုက်စိုက်
နှလုံးသားထဲမှာ အာရုံယူပြီးမှဆိုရတယ် ၊
အဲဒါ ဘုရားတည်တာပဲ ဖိုးထိန်"
"ပြီးတော့ ဣတိပိသောဘဂဝါလဲ ရတယ်
ထင်ပါရဲ့ " "ရပါတယ်ဘုရား၊ ကျောင်းသား
ကလေးဘဝကစ ရနေတာပါ""ဒါဖြင့် မင်းမှာ
ဘာမှထူးပြီး စာကျက်စရာလဲ မလိုပါလားကွ၊
သဒ္ဓါ ပညာ သတိ အရင်းအနှီးလေးစိုက်ပြီး
စိတ်နှလုံးထဲရောက်အောင် လေးလေးနက်နက်
အားရုံယူပြီးမှဆိုရင် နှလုံးသားဘုရားတည်
တာပဲကွဲ့"
"မြေကြီးပေါ်ဘုရားတည်တာက အရင်းအနှီး
အများကြီးစိုက်ရတယ်၊ ကိရိယာတန်ဆာပလာ
အဆောက်အဦးတွေ အများကြီးစုံဆောင်းရှာဖွေ
ရတယ် ၊နလုံးသားထဲဘုရားတည်တာက
ကိရိယာတန်ဆာပလာ ဘာမှ မလိုဘူး။
တကယ်ယုံတဲ့ သဒ္ဓါတရားရယ်၊ စွမ်းအားကို
တကယ်သိမြင်တဲ့ပညာရယ်၊ အာရုံကို စူးစူး
စိုက်စိုက် မိမိရရဖမ်းနိူင်တဲ့သတိရယ်၊
ဒီလောက် အရင်းအနှီး ကိရိယာတန်ဆာပလာ
ရှိရင် ဘုရားတည်လို့ရနိူင်ပြီပဲကွ"
"မြေကြီးပေါ် ဘုရားတည်တာက ရက်နဲ့
လနဲ့ နှစ်နဲ့ချီပြီး အချိန်အများကြီးယူရတယ်၊
နှလုံးသားထဲ ဘုရားတည်တာက စက္ကန့်ပိုင်း
မိနစ်ပိုင်းဆို ပြီးသွားတာကွ ၊ပြီးတော့ စွမ်းအား
တန်ခိုးကလဲ ချက်ချင်းရတာကွ။ ဒါကြောင့်
ကိုယ့်မှာ နှလုံးသားမြေကြီးရှိနေမှတော့
သူများမြေကြီးဝယ်မနေစမ်းပါနဲ့ကွာ၊
အသိ, သတိနဲ့ အာရုံယူလို့ ဘုရားဂုဏ်တွေ
ထည့်လိုက်, ပွားလိုက်ရင် နှလုံးသားထဲ
ဘုရားတည်ရတာ လွယ်လွယ်လေးပါကွ"
🚶"ဖိုးထိန်ရေ ၊သာသနာနှင့်တွေ့ရတဲ့
လူတစ်ယောက်အတွက် လုပ်ချင်ရင်
လုပ်တတ်ရင် ယခုချက်ချင်း လုပ်လိြု့ုဖစ်ပါ
တယ်ကွာ၊ မနိူင်ဝန်ထုပ်ကြီးကို မနိူင်စိတ်နဲ့
လေးလံစွာထမ်းနေမယ့်အစား တစ်စစီဖြုတ်ပြီး
နိူင်တဲ့နေရာကစနိူင်သလောက် ထမ်းလိုက်တာ
ကပဲ လက်ငင်းအစွမ်းသတ္တိ ရစေနိူင်ပာတယ်"
."ပြီးတော့ မေတ္တာကလေးပါ တွဲပို့ပေးနိူင်ရင်
လူ့လောကမှာတော့ အတော်နေပျော်သွားပြီ
ဖိုးထိန်ရဲ့"
"ပစ္စုပ္ပန်တိုင်း တန်ဖိုးထားပြီး လေးလေးစားစား
ယုံယုံကြည်ကြည်လုပ်နိုင်ရင် ဘာစာမှလဲ
အရှည်ကြီး ကျက်စရာမလို၊ ကိုယ်ရပြီးသားကို
သုံးရုံပဲ မဟုတ်လား"
"ဖိုးထိန်ရေ၊ ရတနာက ရတနာလိုယုံပြီး
ရတနာလိုသုံးတတ်ရင် ရတနာလိုပဲ
လူကို စွမ်းထက်မြက်အောင်
လုပ်ပေနိူင်ပါတယ်ကွာ"
🚶အဲလို စသည်ဖြင့် ဘုန်းကြီးဦးတိဿ က
အသိမှေးမှိန်ပြီး စိတ်ဓါတ်ကျနေတဲ့ဖိုးထိန်
တစ်ယောက်ကို နှလုံးသားထဲဘုရားတည်နည်း
ကို သေသေချာချာပြောပြတော့ ဖိုးထိန်တစ်
ယောက် ရွှင်လန်းတက်ကြွလာတယ်၊
ဝမ်းသာလို့လဲ မဆုံးနိူင်အောင်ဖြစ်သွားတယ်။
"အား- ဘုန်းကြီးဘုရား ၊ဒီလို နှလုံးသားထဲ
ဘုရားတည်လို့ဖြစ်မှန်းသိရင် တပည့်တော်
ဘာလို့ စိတ်အပင်ပန်း အဆင်းရဲခံနေမလဲ
ဘုရား၊ စောစောက ဒါမျု ိးသိခဲ့ရင် ဒီပုံစံနဲ့
တည်မှာပေါ့၊ တပည့်တော် ငွေမလို့ မြေမလိုပဲ
ဘုရားတည်တဲ့နည်းကို သိသွားပြီဆိုတော့
ယနေ့ကစပြီး ချက်ချင်း နှလုံးသားဘုရားတည်
တော့မယ်ဘုရား ၊ဘုန်းကြီးဘုရားဟာ
တပည့်တော်ရဲ့ တစ်သက်တာသာမက
တစ်သံသရာလုံးအတွက် အလွန်ကျေးဇူး
ကြီးလှပါတဲ့ ကျေးဇူးရှင်ကြီးပါဘုရား"လို့
လျှောက်ပြီး ရှိခိုးဝပ်ချကန်တော့
ပြန်သွားတယ်။
🚶ဖိုးထိန်က အချိန်မဆိုင်ပဲချက်ချင်း
နှလုံးသား ဘုရားƛ
MLBB weekly report Review your MLBB journey in the past week! https://api.tiktokv.com/game_center/weekly_report?gam..
MLBB weekly report Review your MLBB journey in the past week! https://api.tiktokv.com/game_center/weekly_report?gam..
MLBB weekly report Review your MLBB journey in the past week! https://api.tiktokv.com/game_center/weekly_report?gam..